shwewin

ရခိုင်သားလေးဘလော့မှကြိုဆိုပါ၏

ရခိုင်သားလေးဘလော့မှကြိုဆိုပါ၏

rakhinetharlay

                                    Myspace Glitter Text

shmeim

  • မြန်မာသီချင်း
  • Wednesday, May 21, 2014

    ဘလော့မှာ အပေါ်မှ အောက်ကုဒ်လေး ( cbox တောင်းဆိုမှု)

     သည်နည်းပညာလေးကတော့ အရင်တင်ပေးထားဘူးတဲ့ နည်းလမ်းလေးပါ..ဒါပေမယ့် မရှင်းလင်းသူတွေအတွက်ရော C-Box ကနေတောင်းဆိုမှုအရရောကြောင့်ပါ..ကျွန်တော်ကိုယ်တိုင်သုံး နေသော up to down ဆိုတဲ့ ဘလော့မှာ အောက်ကနေအပေါ်သို့လည်းကောင်း အပေါ်မှအောက်သို့ လည်းကောင်း အလျှင်အမြန် ရောက်နိုင်ရန်အတွက်  ပြုလုပ်ထားတဲ့ နည်းလေးပါ လိုအပ်သူများ ယူစေဗျာ တောင်းဆိုသူကတော့.... ကိုကို: အကို ဘလော့ဆိုက်မှာ အပေါ်သို့တက်ရန် အောက်ကို ဆင်းရန် အဘယ်ပြုလုပ်တယ်ဆိုတာ မရှင်းပြတော့ဘူးလား ကဲ...ကိုကိုရေ...ချေမများနဲ့နော်..ကိုကိုရေ..ရော့ရော့ရော့.....ေေိေိေ...  ထည့်နည်းကတော့....   ...
    Read More ...

    Tuesday, May 20, 2014

    မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း


    12 Sep 12, 08:03 PM
    ဝေယံလင်း: အကိုေ၇ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစ၇ာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
    မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘ

    WINDOWS 9 PROFESSIONAL (NEW WINDOW ENG/X64/MAY2014) မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...





    On This OS System Included More Apps, Themes, New wallpaper and Much More,..

    Saturday, May 17, 2014

    Windows တင်ပြီးဆောင်ထားသင့်သော Software များစုစည်းမှု

    ကျွန်တော်ဒီတစ်ခါ ၀င်းဒိုးတင်ပြီးတာနဲ့ အဓိကအသုံးဝင်ဆော့စ်ဝဲလ်များကို စုစည်းပေးထားပါတယ်။
    ဆော့စ်ဝဲအားလုံး 24 မျိုးပါဝင်ပါတယ်။ မိမိလိုအပ်တဲ့ဆော့စ်ဝဲကိုကလစ်ပြီး Install လုပ်လိုက်ရုံပါပဲ။
    နောက်ဆုံးထွက်လာတဲ့ Full Version အသစ်များကိုသာရေွးချယ်တင်ပေးထားခြင်းဖြစ်ပါတယ်။

    Facebook အကောင့်ဖောက်နည်း ကွန်ပျူတာပေါ်မှာ ဖောက်နည်းလေးပါ။ အသစ်ဖောက်ရတာ အင်မတန်မှလွယ်ကူသလို နောက်ဆက်တွဲတွေမဖြစ်ပါဘူး။ ကျွန်တော်လည်း ဖောက်ကြည့်တာ အဆင်ပြေလို့ပြန် share လိုက်ပါ။ အဆင်မပြေရင် ကျွန်တော့်ဆိုဒ်ထဲက တခြား ebook တွေကို ၀င်ဖတ်ကြည့်ပါ။ တခြားနည်းတွေရှိပါသေးတယ်။ ဒါကြောင့် မမေးပါနဲ့လို့ ပြောချင်တာပါ။ အဆင်မပြေရင် ဒီနည်းတွေ ကိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

    Download => Link 1 / Link 2 / Link 3 / Link 4
    www.pthaw.blogspot.com


    Ref & Credit :

    Facebook အကောင့်ဖွင့်နည်း (ဖုန်းနံပါတ်မလို ၊ ဖုန်းပေါ်တွင်ဖွင့်စရာမလို 10000% ရတယ်)

    ခုကျွန်တော်ပြန် share ထားတဲ့ နောက်ထပ်လုပ်နည်းလေးပါ။ ထောက်ခံမှုအများဆုံးရလို့ Ebook အဖြစ်ပြန်ရေးပြီး share လိုက်ပါတယ်။ နည်းက အရမ်းလည်းလွယ်ပါတယ်။ ဖုန်းနံပါတ်မလိုဘူး ဆိုတာကို အာမခံပါတယ်။ အကယ်လို့ ဒီနည်းကအဆင်မပြေခဲ့ရင်တော့ ဒီနည်းတွေ ကိုရှာပြီး ဖတ်ကြည့်ပေါ့။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

    Download => Link 1 / Link 2 / Link 3


    Ref & Credit :
    www.thefreenote.com


     

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ ကံ့ကော်တော ဘုရား အနီးရှိ  ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းတွင် နိုဝင်္ဘာလ ၂၇ ရက် ညနေက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

    “ မီးလောင်တာက မနေ့က  ညနေ ၇ နာရီခွဲခန့်မှာ လောင်တာပါ။  ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ  ကန်ထရိုက် လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ Hyundai Heavy Industries (HHI) ကုမ္ပဏီပိုင် ပိုက်လုံးတွေကို မီးလောင်တာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

    ၎င်းမီးအား  ကုမ္ပဏီဝန်ထမ်းများ၊ ကျေးရွာသားများနှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များက အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် ညနေ ၈ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

    သို့သော်လည်း ပိုက်လုံး အတော်များများမှာ မီးလောင်ကျွမ်းသွားခဲ့သဖြင့် ပျက်စီးဆုံးရှုံးမူ ပမာဏ များပြားကြောင်း သူက ဆိုသည်။

    ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ကုမ္ပဏီ တာဝန်ရှိသူများမှ ထုတ်ဖော်ပြော ကြားခြင်း မရရှိဟု သိရသည်။


    Ref & Credit : Mizzima

    ဟိုအဝေးကမဖြစ်နိုင်တဲ့
    အရာတခုကိုမျှော်လင့်နေ
    မဲ့အစားကိုယ့်နားကသင့်တင့်
    တဲ့အရာကိုလက်ကမ်းလိုက်တာ
    ကောင်းပါလိမ့်မယ်။
    ကိုယ့်ကိုမချစ်တော့တဲ့မိန်းမတစ်
    ယောက်ကိုမျှော်နေမဲ့အတူ
    နွေးထွေးမူ့မေတ္တာတွေနဲ့
    ကမ်းလင့်နေတဲ့ ကြင်နာမူ့
    နှလုံးသားတစုံကို ကြိုဆိုလိုက်ပါ
    သူငယ်ချင်း။

    WineChit



    အလင်းမဲ့ညရဲ့ 
    ကောင်းကင်အောက်မှာ.....
    အလွမ်းတွေ တနင့်တပိုးထမ်းပိုးထားရင်း............

    သက္ကရာဇ် တွေတောင်..
    ရင့်မှည့်နေပေါ့.................................။

    မသိမ်းပိုက်ရဲခဲ့တာမဟုတ်ဘူး.........
    ကောင်မလေးရဲ့ .................................။
    မသိမ်းပိုက်ရက်ခဲ့တာ..............................။...။

    ခမ်းနားတဲ့အချစ်ကလွဲလို့ ....
    ကိုယ်ဟာမင်းအတွက်.......
    အညတရ ကောင်းကင်ပါကွယ်............................။

    မင်းစိတ်ချမ်းသာဖို့ 
    ဘာမဆိုပေးဆပ်ဝံ့သူပါ.......................။

    မင်းသိမလား........................
    ပြုံးနေပေမဲ့.....
    ရင်ခွင်ကန့် လန့် ကာရဲ့  နောက်ကွယ်မှာ.....
    အလွမ်းမိုးတွေနဲ့ အတူ...
    ရင်ထဲမှာ တိတ်တဆိတ်..
    ငါငိုနေတယ်ဆိုတာ...................................။

    မှို တက်နေတဲ့.....
    နေ့ စွဲတွေအောက်က.....
    အလင်းဖျော့ ဖျော့ ရှိုက်သံတချို့ နဲ့ အတူ........
    ငါ မင်းကို လွမ်းတယ်.....................................။....။

    လွမ်းမောမှုတွေ
    အဆုပ်လိုက်ပွင့်ဝေတဲ့
    မိုးသားတွေအောက်က.............
    အလွမ်းရင့်ရင့် တိတ်တွေနဲ့ အတူ..........
    ငါ မင်းကို လွမ်းတယ်........................................။...။

    ငါ့ရဲ့ ကောင်မလေးရေ........
    ကျန်တာတွေ မလိုဘူးကွဲ့ .........................။

    မင်းရင်ထဲမှာ........
    အက်တမ်လေးတခုစာ
    နေရာရှိနေခဲ့ရင်ပဲ..............
    ကိုယ်ဟာ ကျေနပ်နေမဲ့သူပါကွယ်...........................။....။.....။


    (နေရဲဖြိုး)

    ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များ အဖြစ် မြန်မာ့အသံက ကြေညာသွားပါပြီ။ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာကြီး ဦးအောင်သင်းနဲ့ ဆရာကြီး ဦးတင်မောင် ( သိပ္ပံမှူးတင်) တို့ကို ကို ၂၀၁၂ ခုနှစ်အတွက် တသက်တာ စာပေဆုရှင်တွေအဖြစ် ကြေညာသွားခဲ့ပါတယ်။
    ဆရာကြီး အောင်သင်း၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာကြီး ဦးတင်မောင်( သိပ္ပံမှူးတင်)


    "အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင်
    မြန်မာ စာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစု ခဲ့သော
    ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဆရာကြီး ဦးအောင်သင်း (အောင်သင်း) နှင့် ဆရာကြီး ဦးတင်မောင် (သိပ္ပံမှူးတင်)တို့အား ၂၀၁၂ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များ အဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်" ဟု နိုင်ငံပိုင်မီဒီယာ များက ကြေညာသွားခဲ့တာပါ။ ခေတ်

    အခုလို စာရေးဆရာကြီး၊ ဆရာမကြီးတွေကို တသက်တာ စာပေဆု ရွေးချယ် ချီးမြင့်လိုက်ခြင်းဟာ အရင်ခေတ်တွေတုန်းကလို မတူပဲ အလွန် ထိုက်တန်တဲ့ ဆုချီးမြှင့်မှုအဖြစ် ရန်ကုန် စာပေ အသိုင်းအဝိုင်း နဲ့ မြန်မာစာပေချစ်မြတ်နှိုးသူတွေက ပြောဆိုဂုဏ်ယူနေကြောင်းလည်း သိရပါတယ်။





    မိန်းမတွေ အလိုချင်ဆုံးအရာ



    တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….
    ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

    “လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

    အဲဒီမေးခွန်းကတော့
    ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
    ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

    နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…
    အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

    ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…အနံ့အသက်ကလဲ ဆိုးရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ နုးညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
    ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

    ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

    “လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
    သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
    ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

    အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
    ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
    ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

    “သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

    ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

    အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
    သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
    အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
    အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

    “အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
    ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

    ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

    သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

    ………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။



    Ref & Credit : သုတလင်း

     ဆောင်းညရဲ့ လွမ်းစရာ
      လရောင်အောက်မှာ
      ချစ်သူပါးပြင်က သနပ်ခါး
      ရနံ့လေးတွေဟာ လေပြည်
      နဲ့အတူ ရင်ခွင်ထဲကနေ
      နှုတ်ဆက်သွားပြီလား
      တချိန်က တိတ်တခိုးချစ်ခဲ့ရတဲ့
      သူငယ်ချင်းချစ်သူရယ်။


    shwewin
    mgshwewin.blogspot.com

    ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ပေးရေး သမ္မတထံ တောင်းဆိုမည်ဟုဆို


    ရန်ကုန်၊ မေ ၁၁
    ရခိုင်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
    ကဆုန်လပြည့်ကျော် ၁ ရက်နေ့ ကို ရခိုင်အမျိုးသားနေ့အဖြစ် ရခိုင်တိုင်းရင်းသားများက သတ်မှတ်ထားပြီး ယင်းနေ့ကို တရားဝင် အတည်ပြုနိုင်ရေးအတွက် မေလ ၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
    အဆိုပါနေ့ ကျင်းပနိုင်ရေးအတွက် ရွှေတိဂုံဘုရား ခြေရင်းတွင် ရှိသည့် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် မေလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ရေး အစည်းအဝေး အပြီးတွင် ဦးဇော်အေးမောင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
    သာသနာတော်နှစ် ၁၂၃ ခုနှစ်၊ ဓညဝတီခေတ်၊ စန္ဒသူရိယမင်း လက်ထက်တွင် မြတ်စွာဘုရားရှင် ရခိုင်ဒေသသို့ ကြွရောက်တော်မူစဉ် မဟာမြတ်မုနိ ကိုယ်ပွားရုပ်တုကို သွန်းလုပ် ပြီးစီးသည့်နေ့ကို အစွဲပြုကာ အမျိုးသားနေ့အဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။
    အစိုးရက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသောကြောင့် ယခုနှစ်အတွက် ရခိုင်အမျိုးသားနေ့ အခမ်းအနား ခေါင်းစဉ်ဖြင့် ကျင်းပမည် မဟုတ်ဘဲ အခြားခေါင်းစဉ် တစ်ခုဖြင့် ကဆုန်လဆုတ် ၁ ရက် (မေလ ၁၄ ရက်) နေ့တွင် ရခိုင်ပြည်နယ် ဓမ္မာရုံ၌် ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
    “ရန်ကုန်တိုင်း အစိုးရကနေ ခွင့်မပြုတဲ့အတွက် “ပထမအကြိမ် ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် ရခိုင်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်များကို ဆွေးနွေးခြင်း အခမ်းအနား” လို့ နာမည်ပြောင်းထားတယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်အမျိုးသားတွေကိုပဲ ဖိတ်မှာပါ။ တခြား ဘယ်လူကြီးတွေကိုမှ မဖိတ်ဘူး” ဟု ဆိုသည်။

    သို့သော် မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း ရခိုင်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ မြို့ခံတစ်ဦးထံမှ သိရသည်။



    Ref & Credit : The Voice Weekly

    Friday, May 16, 2014


    ပြန်လည်မျှဝေပေးလိုက်ပါတယ်...
    ဖုန်းတစ်လုံးနှင့် အင်တာနက် နှစ်ဆယ့်လေးနာရီလုံးသုံးရင် တစ်လမှာ ဘယ်လောက် ကုန်ကျနိုင်သလဲ တွက်ကြည့်ရအောင်

    WCDMA OR CDMA
    တစ်နာရီ 240
    ဆယ်နာရီ 2400
    နှစ်ဆယ်နာရီ 4800
    နှစ်ဆယ့်လေးနာရီ 5760 ကျပ်ပေါ့
    တစ်ရက်လုံး သုံးမယ်ဆိုရင် 5760 ကျပ်ဆိုတော့

    တစ်လဆိုရင် ရက် 30 နဲ့တွက်ကြည့် ရအောင်ဗျာ

    5760
    x30
    ----------
    172800 ကျပ်ပေါ့

    တစ်လလုံး နှစ်ဆယ့်လေးနာရီလုံး ဖုန်းအင်တာနက် ဖွင့်ထားမယ်ဆိုရင်

    တစ်သိန်း ခုနှစ်သောင်း နှစ်ထောင် ရှစ်ရာ ကျတယ်နော်

    ကဲ GSM အင်တာနက်လိုင်းကို တွက်ကြည့်မယ်...

    တစ်နာရီ 120
    တစ်ရက်24နာရီနှင့်မြှောက်လိုက်မယ် x 24
    ---------
    တစ်ရက်မှာလုံး သုံးငွေ 2880 ကျပ်ပေါ့

    ကဲ တစ်လ သုံးမယ်ဆို တွက်ကြည့်ရအောင်နော်

    24နာရီး တစ်ရက်မှာ သုံးငွေက 2880
    တစ်လ ရက် 30 နှင့်မြှောက် x 30
    --------
    တစ်လမှာ အင်တာနက်ဖိုး 86400 ကျပ်

    တစ်လမှာ GSM အင်တာနက်ဖိုး 86400 ရှစ်သောင်း ခြောက်ထောင် လေးရာ
    ကျပ်ဆိုတော့ မြန်မာပြည်သူတွေ မမွဲဘဲ မနေနိုင်အောင်များ
    လုပ်ထားလေသလား......
    တိုင်းပြည်က ငမွဲစာရင်းတာ တင်ထားတာနော်...

    ကဲ ထိုင်းမှာက တစ်လလုံးနှစ်ဆယ့်လေးနာရီ ကြိုက်သလိုသုံး ထိုင်းဘတ်
    426 ရှိတယ်.....
    မြန်မာငွေနဲ့ တွက်ရင်တော့ တစ်သောင်း လေးထောင် လောက်ဘဲ ရှိမယ်...

    ကဲ သုံးတဲ့သူတွေကတော့ ထိုင်းတစ်လစာကို နှစ်ရက်ကျော်နဲ့ ပြောင်ရော သုံးရက်တောင် မသုံးလောက်ဘူး....

    ကဲ WCDMA က တစ်လကို 172800 ကျပ်
    ကဲဗျာ GSM က တစ်လကို 86400 ကျပ်
    ထိုင်းက တစ်လကို 14000 ကျပ်

    ကဲဗျာ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆက်သွယ်ရေးက လူတွေ လူကြီးတွေ
    ခင်ဗျားတို့လည်း ပြည်သူထဲက ပြည်သူပါဘဲ..
    အဲတော့ ဘယ်လို ဖြေရှင်းပေးမလဲ......
    လိုင်းအားကလည်း ထိုင်းလောက် မကောင်းဘူး....
    ငွေအားကတော့ ထိုင်းထက် အများကြီးယူထားတယ်...
    ဘယ်လိုလုပ်မလဲ လဲ
    မေးမြန်းကြည့်တာ .......
    ဖြေကြည့်ကြပါဦး သုံးစွဲနေတဲ့ ပြည်သူ အပေါင်းတို့ရေ......

    (မိုးကောင်းကင် အညာသား)

    https://www.facebook.com/myanmarupdates
    www.myanmarupdates.com

    4Share